အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက HD Center မှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံခြင်း

(၁၅-၇-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် စင်ကာပူနိုင်ငံ အခြေစိုက် အကျိုးအမြတ်ရယူခြင်းမရှိသော လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် HD Center (Center for Humanitarian Dialogue)မှ ဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr. Micheal Vatikiotis နှင့်အဖွဲ့အား ၁၅-၇-၂၀၁၉ ရက်၊ ၁၀၀၀နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ယင်းသို့တွေ့ဆုံရာတွင် HD Center အနေဖြင့် မြန်မာနိုင်ငံ၌ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ နှစ်ဖက်လူမှုအဖွဲ့အစည်းများအကြား ထိတွေ့အမြင်ချင်းဖလှယ်မှုအစီအစဉ်များ၊ မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေမှုများနှင့် ရခိုင်ပြည်နယ်၏ နောက်ဆုံးဖြစ်ပေါ်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။