နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲနှင့် ထူးချွန်ကျောင်းသူ/ ကျောင်းသားများအား ဆုချီးမြှင့်ပွဲ ကျင်းပ

( ၁၁-၇-၂၀၁၉ ရက်၊ နေပြည်တော် )

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲနှင့် ထူးချွန်ကျောင်းသူ/ ကျောင်းသားများအား ဆုချီးမြှင့်ပွဲကို ဇူလိုင်လ ၁၁ ရက်၊ မွန်းလွဲ ၁၄၀၀ နာရီအချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပခဲ့ ပါသည်။

အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ပြီး ပညာသင်ထောက်ပံ့ကြေးများနှင့် ထူးချွန်ကျောင်းသူ/ကျောင်းသားများအား ဆုများချီးမြှင့်ပေးခဲ့ကြကြောင်း သိရှိရပါသည်။