ASEAN Committee in Canberra (ACC) ဆိုင်ရာ သံရုံးအကြီးအကဲများ အစည်းအဝေးကျင်းပခဲ့ခြင်း

(၉-၇-၂၀၁၉ ရက်၊ ကင်ဘာရာမြို့)

ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာရှိ ASEAN Committee in Canberra ၏ အလှည့်ကျဥက္ကဋ္ဌရာထူးကို ကင်ဘာရာမြို့ရှိ မြန်မာသံရုံးက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ တာဝန်ယူ ဆောင်ရွက်သွားရန်ရှိရာ အဖွဲ့ဝင်နိုင်ငံ၊ သံရုံးအကြီးအကဲများဆိုင်ရာ အစည်းအဝေးကို မြန်မာသံရုံး၌ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် မြန်မာသံအမတ်ကြီး၊ ဦးသာအောင်ညွန့်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး မြန်မာနိုင်ငံမှ ဥက္ကဋ္ဌရာထူးတာဝန်ယူစဉ်ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပေါ်သည့်ကိစ္စများ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။