နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးအား လက်ခံတွေ့ဆုံခြင်း

(၉-၇-၂၀၁၉ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး မစ္စတာ ဘင်းကေအူးဒက်စ်အား ၉-၇-၂၀၁၉ ရက်နေ့(၁၃၀၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၏ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ပါသည်။

ထို့သို့ တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် (၆၀) မြောက် အထိမ်းအမှတ် လှုပ်ရှားမှုများ စီစဉ်ဆောင်ရွက်သွားရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။