ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန် (ဒုတိယဝန်ကြီး) က ဟောင်ကောင်မြို့ မြန်မာကောင်စစ်ဝန်ချုပ်အား လာရောက်တွေ့ဆုံ

(၅-၇-၂၀၁၉ ရက်၊ ဟောင်ကောင်မြို့)

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန် (ဒုတိယဝန်ကြီး) Mrs. Angelina CHEUN သည် မူဝါဒရေးရာ လက်ထောက်အတွင်းဝန်(ယဉ်ကျေးမှု) Ms.Sandy CHEUNG လိုက်ပါလျက် ၄-၇-၂၀၁၉ ရက်နေ့ ၁၅:၀၀ နာရီတွင် ဟောင်ကောင်မြို့ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်မြတ်သူဇာသန်းအား လာရောက်တွေ့ဆုံကာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့ မှ (၁၃) ရက်နေ့အထိ ဟောင်ကောင်ဒေသတွင် ကျင်းပပြုလုပ်မည့် Asia Cultural Co-operation Forum သို့ မြန်မာနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်နိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။