နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ဟန်းဆိုက်ဒယ်ဖောင်ဒေးရှင်း၊ ဌာနကိုယ်စားလှယ် Mr. Achim Munz အားလက်ခံတွေ့ဆုံ

(၅-၇-၂၀၁၉ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူသည် ဟန်းဆိုက်ဒယ်ဖောင်ဒေးရှင်း၏ ဌာနေကိုယ်စားလှယ် (Resident Representative) ဖြစ်သူ Mr. Achim Munz အား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၇ ရက်၊ နေ့လယ် ၁၂၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် အာဆီယံ-မြန်မာအမျိုးသားအတွင်းရေးမှူးရုံးနှင့် ဟန်းဆိုက်ဒယ်ဖောင်ဒေးရှင်းတို့အကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာနှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များအပါအဝင် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် ကဏ္ဍရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။