State Counsellor receives Chinese Ambassador

Daw Aung San Suu Kyi, State Counsellor and Union Minister for Foreign Affairs of the Republic of the Union of Myanmar, received Mr Chen Hai, who has recently assumed as the Ambassador Extraordinary and Plenipotentiary of the People’s Republic of China to the Republic of the Union of Myanmar on 3rd July 2019 at 11 am at the Ministry of Foreign Affairs, Nay Pyi Taw.

During the courtesy call, they cordially exchanged views on the matters in promoting bilateral relations and cooperation, increasing mutually beneficial cooperation under the Belt and Road Initiative, jointly holding the commemorative activities to celebrate the 70th Anniversary of Myanmar-China diplomatic relations in 2020, China’s continued constructive support in Myanmar government’s endeavours to achieve peace and national reconciliation, and for the success of the repatriation and resettlement of displaced persons from Rakhine State.

Ref; The Global New Light of Myanmar

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်အား လက်ခံတွေ့ဆုံ

(၃-၇-၂၀၁၉ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် မကြာမီက စတင်တာဝန်ထမ်းဆောင်သည့် မစ္စတာ ချန်းဟိုင်အား ၃-၇-၂၀၁၉ ရက်နေ့ (၁၁၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း မူဘောင်အောက်မှ နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှု များ မြှင့်တင်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့်မြောက်မည့် ၂၀၂၀ ပြည့်နှစ်တွင် အထိမ်းအမှတ်အခမ်းအနားများ ပူးတွဲကျင်းပရေး၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နှင့် ပြန်လည် နေရာချထားရေးလုပ်ငန်းစဉ်တို့တွင် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက်အကူအညီပေးအပ်သွားမည့် ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ခဲ့ကြောင်း သိရှိရပါသည်။