နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံ တွေ့ဆုံခဲ့ခြင်း

(၁၀-၆-၂၀၁၉ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဉီးမြင့်သူသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Saurabh Kumar အား ၁၀-၆-၂၀၁၉ ရက်၊ (၁၀၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ကုလသမဂ္ဂနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။