ဩစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းနှင့် President of the Privy Council and Statesman ကွယ်လွန်ခဲ့ခြင်းအတွက် ထိုင်းနိုင်ငံသံရုံးတွင် ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးခဲ့ခြင်း

(၂၉-၅-၂၀၁၉ ရက်၊ နေပြည်တော်)

၂၀၁၉ ခုနှစ်၊ မေလ ၂၉ ရက်တွင် မြန်မာသံအမတ်ကြီး ဦးသာအောင်ညွန့်သည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းနှင့် President of the Privy Council and Statesman ဖြစ်သူ H.E. General Prem Tinsulanonda ကွယ်လွန်ခဲ့ခြင်းအတွက် ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့ရှိ ထိုင်းနိုင်ငံသံရုံး၌ ဖွင့်လှစ်ထားသည့် ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။