First Coordination Meeting for Preparation of Initial Report for the International Covenant on Economic, Social and Cultural Rights (ICESCR) held in Nay Pyi Taw

The first coordination meeting for the preparation of Initial Report for the International Covenant on Economic, Social and Cultural Rights (ICESCR) was held at the Ministry of Foreign Affairs in Nay Pyi Taw at 10 am on 28 May 2019. The meeting was attended by the officials from the concerned ministries and government organizations.

At the meeting, U Kyaw Tin, Union Minister for the International Cooperation made an opening remark and stated that Myanmar is committed to the protection and promotion of human rights; and, therefore, Myanmar became signatory to a number of international human rights treaties. As a state party to the human rights covenants, the periodic reports have to be presented by the government to the treaty bodies in accordance with the provisions in the treaties. For the first time, Myanmar is planning to submit its Initial Report to the treaty body of ICESCR which Myanmar ratified in 2017. It is needed to provide the necessary facts by the concerned ministries and the organizations in preparation and compilation of the Initial Report.

After that, the participants joined in the discussion on the preparation of the Initial Report.

Ref; The Global New Light of Myanmar

စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်၏ ကနဦးအစီရင်ခံစာ တင်သွင်းရေးနှင့် စပ်လျဉ်း၍ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

(၂၈-၅-၂၀၁၉ ရက်၊ နေပြည်တော်)

စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်၏ ကနဦးအစီရင်ခံစာ တင်သွင်းရေးနှင့်စပ်လျဉ်း၍ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၂၈-၅-၂၀၁၉ ရက်၊ ၁၀ဝ၀ နာရီတွင် ကျင်းပခဲ့ရာ သက်ဆိုင်သည့် ဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကို အားပေးလုပ်ဆောင်လျက် ရှိကြောင်း၊ သို့နှင့်အညီ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ စာချုပ်များကို လက်မှတ်ရေးထိုး ပါဝင်ခြင်းများ ပြုလုပ်နေသကဲ့သို့ မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးထားသည့် လူ့အခွင့်အရေးစာချုပ်ပါ ပြဋ္ဌာန်းချက်များကို နိုင်ငံတော်အစိုးရအနေဖြင့် အကောင်အထည်ဖော်နေမှုကို စာချုပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ စာချုပ်ဆိုင်ရာ ကော်မတီများသို့ ကာလအလိုက် အစီရင်ခံစာ တင်သွင်းခြင်းများ ပြုလုပ်သွားကြရန် ရှိပါကြောင်း၊ သို့ဖြစ်၍ ၂၀၁၇ ခုနှစ်တွင် အတည်ပြုပါဝင်ခဲ့သည့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR) ၏ အပိုဒ် ၁၇ အရ စာချုပ်ဝင်နိုင်ငံဖြစ်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ကနဦးအစီရင်ခံစာကို တင်သွင်းသွားမည် ဖြစ်သည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအနေဖြင့် ထည့်သွင်းသင့်သည့် အချက်အလက်များကို အစီရင်ခံစာ ပြုစုရေးသားရာတွင် ဖော်ပြနိုင်ရေး ဆောင်ရွက်သွားရန် ပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက ကနဦးအစီရင်ခံစာ ရေးသားပြုစုခြင်းနှင့်ပတ်သက်၍ ပါဝင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။