အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(၂၇-၅-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး H.E. Mr. Dan Chugg အား ၂၇-၅-၂၀၁၉ ရက်၊ ၁၂၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စများ၊ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ကြီးမှ အပြုသဘော ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ သတင်းမီဒီယာလွတ်လပ်ခွင့်၊ မြန်မာ-ဗြိတိန် မဟာဗျူဟာမြောက် ဆွေးနွေးပွဲ ကျင်းပရေး ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။