ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး EAEU-ASEAN ညစာစားပွဲသို့ တက်ရောက်ခဲ့ခြင်း

(၂၃-၅-၂၀၁၉ ရက်၊ နေပြည်တော်)

ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကိုကိုရှိန်သည် ၂၁-၅-၂၀၁၉ ရက်နေ့၊ ည ၂၀:၀၀ နာရီတွင် မော်စကိုမြို့၊ Hotel National ၌ ပြုလုပ်သော EAEU-ASEAN ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ ညစာစားပွဲသို့ ရုရှားနိုင်ငံဆိုင်ရာ အာဆီယံသံအမတ်ကြီးများ၊ ရုရှား-အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌ Mr. Ivan Polyakov၊ Board of Eurasian Economic Commission ဥက္ကဋ္ဌ Mr. Tigran Sargsyan၊ Eurasian Economic Commission Integration and Macroeconomic ဆိုင်ရာ Minister in charge Ms. Tatyana Valovaya နှင့် ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ Ambassador-at-Large, H.E. Kirill Barsky ရုရှား စီးပွားရေး ဖွံဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Ms. Natalia Strigunova တို့ တက်ရောက်ခဲ့ကြပြီး EAEU နှင့် အာဆီယံတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။