ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၌ ပြုလုပ်သည့် Myanmar Investment Seminar for Koeran SMEs သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ခြင်း

(၂၃-၅-၂၀၁၉ ရက်၊ နေပြည်တော်)

၂၀၁၉ ခုနှစ်၊ မေလ ၂၃ ရက်တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ Korea Chamber of Commerce & Industry (KCCI) ၌ Industrial Bank of Korea (IBK)မှ ကြီးမှူး၍ကျင်းပသော Myanmar Investment Seminar for Korean SMEs သို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ကိုရီးယားသမ္မတနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်တို့ပါဝင်သည် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ Myanmar Investment Seminar သို့ ကိုရီးယားကုမ္ပဏီပေါင်း (၂၈၀) ကျော် ပါဝင်တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက မိန့်ခွန်းပြောကြားခဲ့ရာ၌ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်သည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကာ ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ကြားခဲ့ပါ သည်။

ယင်းနေ့တွင်ပင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဆိုးလ်မြို့ Dongdaemum Design Plaza, International Conference Hall ၌ ပြုလုပ်လျက်ရှိသည့် Digital Banking လုပ်ငန်းပြပွဲ Korea Fintech Week 2019 အခမ်းအနားသို့လည်း တက်ရောက်လေ့လာခဲ့ကြောင်း သိရှိရပါသည်။