State Counsellor receives former Norwegian PM, former Mongolian President

Daw Aung San Suu Kyi, State Counsellor and Union Minister for Foreign Affairs of the Republic of the Union of Myanmar, received Mr. Kjell Magne Bondevik, former Prime Minister of Norway and Executive Chair of the Oslo Center for Peace, Democracy and Human Rights and Mr. Elbegdorj Tsakhia, former President of Mongolia at the Ministry of Foreign Affairs in Nay Pyi Taw on 14 May 2019 at 10:00 a.m.

During the meeting, they exchanged views on matters pertaining to Myanmar’s democratic transition, peace and national reconciliation process, promotion and protection of human rights and measures taken by the Myanmar Government for the peace, stability and development of Rakhine State.

Ref; The Global New Light of Myanmar

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က နော်ဝေနိုင်ငံ၊ ဝန်ကြီးချုပ်ဟောင်းနှင့် Oslo Center for Peace, Democracy and Human Rights ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Kjell Magne Bondevik နှင့် မွန်ဂိုလီးယားနိုင်ငံ၊ သမ္မတဟောင်း Mr. Elbegdorj Tsakhia တို့အား လက်ခံတွေ့ဆုံ

(၁၄-၅-၂၀၁၉ ရက်၊ နေပြည်တော်)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် နော်ဝေနိုင်ငံ၊ ဝန်ကြီးချုပ်ဟောင်းနှင့် Oslo Center for Peace, Democracy and Human Rights ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Kjell Magne Bondevik နှင့် မွန်ဂိုလီးယားနိုင်ငံ၊ သမ္မတဟောင်း Mr. Elbegdorj Tsakhia တို့အား ၂၀၁၉ ခုနှစ်၊ မေလ ၁၄ ရက်၊ နံနက် ၁၀၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကိစ္စ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးကိစ္စနှင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာအစိုးရမှ ဆောင်ရွက်နေသည့်ကိစ္စများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။