ASEAN-Russia Video Contest 2019 သို့ ပါဝင်ယှဉ်ပြိုင်နိုင်ပါကြောင်း ဖိတ်ခေါ်ခြင်း

(၁၃-၅-၂၀၁၉ရက်၊ နေပြည်တော်)

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့အခြေစိုက် အာဆီယံ-မော်စကိုကော်မတီနှင့် Moscow Institute of International Relations (MGIMO) တက္ကသိုလ်ရှိ အာဆီယံစင်တာတို့ ပူးပေါင်း၍ ASEAN-Russia Video Contest 2019 ကို ကျင်းပသွားမည်ဖြစ်ပါသည်။

အဆိုပါအစီအစဉ်သို့ အသက် (၃၅) နှစ်အောက် တစ်ဦးချင်း (သို့မဟုတ်) အဖွဲ့လိုက် ပါဝင်ယှဉ်ပြိုင် နိုင်ပါသည်။ ရုရှားနိုင်ငံတွင် အာဆီယံ-ရုရှား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုပုံရိပ်များ (သို့မဟုတ်) အာဆီယံနိုင်ငံများတွင် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု ပုံရိပ်များ ပါဝင်ရမည် ဖြစ်ပြီး ပြသချိန် (၃) မိနစ် ဖြစ်ပါသည်။ ဗီဒီယိုများကို အင်္ဂလိပ်ဘာသာဖြင့် ရှင်းလင်း၍ ရုရှားဘာသာစာတမ်းထိုးခြင်း၊ ရုရှားဘာသာဖြင့် ရှင်းလင်း၍ အင်္ဂလိပ်စာတမ်းထိုး၍ ဖော်ပြရပါမည်။

ပြိုင်ပွဲဝင်ဗီဒီယိုများကို Youtube တွင် တင်၍ link ကို asean@inno.mgimo.ru သို့ ပေးပို့၍လည်း ကောင်း၊ asean@inno.mgimo.ru သို့ တိုက်ရိုက်ပေးပို့၍လည်းကောင်း အမည်၊ အသက်၊ နိုင်ငံသား၊ ဆက်သွယ်ရမည့် လိပ်စာတို့ကို ဖော်ပြ၍ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့နိုင်ပါသည်။

ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုများ ချီးမြှင့်သွားမည်ဖြစ်ပြီး ဆုရရှိသူများစာရင်းကို သြဂုတ်လအတွင်း ကြေညာသွားမည်ဖြစ်ပါသည်။ အာဆီယံနိုင်ငံများဘက်မှ ပထမဆုရရှိသူအား မော်စကိုမြို့သို့ အလည်အပတ်ခရီးသွားနိုင်ရန် အသွားအပြန်လေယာဉ်လက်မှတ်နှင့် တည်းခို နေထိုင်စရိတ်များကိုလည်းကောင်း၊ ရုရှားနိုင်ငံဘက်မှ ပထမဆုရရှိသူအား ထိုင်းနိုင်ငံ၊ ဗန်ကောက် မြို့သို့ အလည်အပတ်ခရီးသွားနိုင်ရန် အသွားအပြန်လေယာဉ်လက်မှတ်နှင့် တည်းခိုနေထိုင်စရိတ်များကိုလည်းကောင်း ချီးမြှင့်သွားမည်ဖြစ်ပါသည်။ ဒုတိယဆုနှင့် တတိယဆု ရရှိသူများအား အာဆီယံနှင့် ရုရှားအထိမ်းအမှတ် လက်ဆောင်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ပြိုင်ပွဲအတွက် အသေးစိတ်အချက်အလက်များကို မော်စကိုမြို့၊ မြန်မာသံရုံး၏ facebook စာမျက်နှာ ဖြစ်သော https://www.facebook.com/memoscow နှင့် မော်စကိုမြို့ရှိ MGIMO တက္ကသိုလ်၏ အောက်ဖော်ပြပါ Link များတွင် လေ့လာကြည့်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါသည်-

http://asean.mgimo.ru/…/2019/853-asean-russia-video-contest… (in English)

http://asean.mgimo.ru/…/855-konkurs-videorolikov-rossiya-as… (in Russian)