ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်က မကာအိုဒေသအခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကော်မရှင်နာမင်းကြီးအား သွားရောက်တွေ့ဆုံခြင်း

(၁၃-၅-၂၀၁၉ ရက်၊ နေပြည်တော်)

ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်မြတ်သူဇာသန်းသည် ၁၀-၅-၂၀၁၉ ရက်တွင် မကာအိုဒေသ အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကော်မရှင်နာမင်းကြီး H.E. Ms. Shen Beili ထံသို့ သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ မကာအိုဒေသတွင် အခြေချ နေထိုင်လျက်ရှိသော မြန်မာနိုင်ငံဖွား တရုတ်လူမျိုးများ၏ အခန်းကဏ္ဍနှင့် မကာအိုဒေသတွင် ရောက်ရှိအလုပ်လုပ်ကိုင် လျက်ရှိသော ရွှေ့ပြောင်းလုပ်သားများကိစ္စတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။