အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး နှစ် (၃၀) ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပမည့် 2019 Korea-ASEAN Contents Contest သို့ ပါဝင်နိုင်ကြောင်း အသိပေးခြင်း

(၁၀-၅-၂၀၁၉ ရက်၊ နေပြည်တော်)

2019 Korea-ASEAN Contents Contest ကို အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး နှစ် (၃၀) ပြည့် အထိမ်းအမှတ်ခေါင်းစဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံက ကျင်းပသွားမည်ဖြစ်ပါသည်။

အဆိုပါ အစီအစဉ်သို့ လျှောက်ထားလိုသူများအနေဖြင့် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက် ဆက်ဆံရေး နှစ် (၃၀) ပြည့် အထိမ်းအမှတ်ခေါင်းစဉ်နှင့် ဆက်စပ်သည့် Digital Contents (ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုများ) ကို YouTube, Twitter, Facebook, Instragram (သို့မဟုတ်) အင်တာနက် စာမျက်နှာတစ်ခုခုတွင် တင်၍ ပူးတွဲပါ application form ကို ဖြည့်စွက်ကာ တင်ထားသော link နှင့်တကွ nindita@mofa.or.kr သို့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ နောက်ဆုံးထား ပေးပို့၍ လျှောက်ထားနိုင်ပါသည်။

ပြိုင်ပွဲတွင် အနိုင်ရရှိသူများစာရင်းကို အောက်တိုဘာလအတွင်း ကြေညာသွားမည်ဖြစ်ပြီး Grand Prize အနေဖြင့် ကိုရီးယားနိုင်ငံသို့ ၅ ရက်တာ အလည်အပတ်ခရီးသွားနိုင်ရန် အသွားအပြန် လေယာဉ်လက်မှတ်နှင့် ခရီးစဉ်အတွင်း တည်းခိုနေထိုင်စရာများကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် အနိုင်ရရှိသူများအတွက် အသိအမှတ်ပြု လက်ဆောင်များ၊ Runners up ဆုများအတွက် ငွေသားဆုများနှင့် လျှောက်ထားသူအားလုံးအတွက် မေတ္တာလက်ဆောင်များ ပေးအပ်သွားမည် ဖြစ်ပါသည်။

ပြိုင်ပွဲအတွက် application form များကို http://overseas.mofa.go.kr/asean-en/brd/m-2565/view.do?seq=761009 တွင် ရယူနိုင်ပါကြောင်းနှင့် အသေးစိတ် အချက်အလက်များကို ဂျကာတာမြို့၊ အာဆီယံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ အဖွဲ့ရုံး၏ Facebook နှင့် Twitter စာမျက်နှာများဖြစ်သော https://www.facebook.com/rokasean2012/ နှင့် https://twitter.com/ ROKASEAN1989 တို့တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း သိရှိရပါသည်။