နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က သြစတြေးလျနိုင်ငံ၊ အရှေ့တောင်အာရှဌာန လက်ထောက်အတွင်းဝန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

(၈-၅-၂၀၁၉ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူသည် သြစတြေးလျနိုင်ငံ၊ အရှေ့တောင် အာရှဌာန လက်ထောက်အတွင်းဝန် Mr. Bernard Philip ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၈-၅-၂၀၁၉ ရက်၊ ၁၂၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံဖြတ်ကျော်မှုခင်းများ၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကဏ္ဍတို့တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် ဒေသတွင်းအဖွဲ့အစည်းများ မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ၊ အဆိုပါကဏ္ဍများတွင် သြစတြေးလျနိုင်ငံမှ မြန်မာနိုင်ငံသို့ အကူအညီပေးနိုင်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။