သံအမတ်ကြီး ဦးသာအောင်ညွန့်မှ ဩစတြေးလျနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသို့ သွားရောက်၍ ဂျပန်နိုင်ငံ၏ ဘုရင်အသစ် နန်းတက်ခဲ့ခြင်းနှင့် “Reiwa” era အသစ် ပြောင်းလဲခြင်းတို့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း လက်မှတ်ရေးထိုး

(၈-၅-၂၀၁၉ ရက်၊ ကင်ဘာရာမြို့)

ဩစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသာအောင်ညွန့်သည် ၂၀၁၉ ခုနှစ်၊ မေလ ၈ ရက်တွင် ဂျပန်နိုင်ငံ၏ ဘုရင်အသစ် နန်းတက်ခဲ့ခြင်းနှင့် “Reiwa” era အသစ် ပြောင်းလဲခြင်းတို့အတွက် ကြိုဆိုသည့်အနေဖြင့် ကင်ဘာရာမြို့ရှိ ဂျပန်နိုင်ငံသံရုံးတွင် ဖွင့်လှစ်ထားသည့် မှတ်တမ်းစာအုပ်တွင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။