အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဩစတြေးလျနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီးအား လက်ခံတွေ့ဆုံ

(၇-၅-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ဩစတြေးလျနိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Mr. Richard Maude အား ၇-၅-၂၀၁၉ ရက်၊ ၁၆၀၀နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စများ၊ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု၊ ပညာရေးကဏ္ဍအပါအဝင် ဖွံ့ဖြိုးတိုးတက်မှု အကူအညီများ ပေးအပ်ရေးနှင့် မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်မှုကိစ္စရပ်များ၊ အာဆီယံ-ဩစတြေးလျ မူဘောင်အောက်တွင်း မြန်မာနှင့် ဩစတြေးလျ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွင် ဩစတြေးလျနိုင်ငံက ဆက်လက် အကူအညီပေးအပ်သွားမည့်ကိစ္စများနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။