အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ထံ ချက်သမ္မတနိုင်ငံ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်က ခန့်အပ်လွှာပေးအပ်

(၇-၅-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မန္တလေးမြို့ အခြေစိုက် ချက်သမ္မတနိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ခြင်းခံရသူ ဒေါ်လှလှဝေအား ယနေ့ နေ့လယ် ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် ဒေါ်လှလှဝေက ၎င်း၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ခန့်အပ်လွှာကို ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးကလည်း ၎င်းအား ဂုဏ်ထူးဆောင်ကောင်စစ်ဝန် အသိအမှတ်ပြုစာချွန်လွှာကို ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။