အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန် သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(၇-၅-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန် သံအမတ်ကြီး Steve Marshall အား ၇-၅-၂၀၁၉ ရက်၊ ၁၁၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စများ၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် မြန်မာနိုင်ငံက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၌ နယူးဇီလန်နိုင်ငံက အပြုသဘော ပါဝင်ကူညီပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံနှင့် နယူးဇီလန်နိုင်ငံတို့အကြား ဆွေးနွေးဘက် မိတ်ဖက်ဆက်ဆံရေး တည်ထောင်မှု (၄၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အာဆီယံ-နယူးဇီလန်ခေါင်းဆောင်များ အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပသွားနိုင်ရေး ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။