အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး (၁၆) ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲ၏ အစည်းအဝေးများသို့ တက်ရောက်ခဲ့ခြင်း

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ဧပြီလ (၃၀) ရက်နေ့နှင့် မေလ (၁) ရက်နေ့တို့တွင် ကျင်းပခဲ့သော (၁၆) ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲ၏ အဆင့်မြင့် အရာရှိကြီးများအဆင့် အစည်းအဝေးနှင့် ဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် သံအမတ်ကြီးသည် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းကဏ္ဍများ၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍအသီးသီး၌ ပူးပေါင်းဆောင်ရွက် နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ပါဝင်ဆွေးနွေးခဲ့ပါသည်။ အဆိုပါ အစည်းအဝေးကို အလှည့်ကျဥက္ကဋ္ဌအဖြစ် ကာတာနိုင်ငံမှ ဆောင်ရွက်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း (၃၄) နိုင်ငံ ပါဝင်တက်ရောက်ခဲ့ကာ အစည်းအဝေးအပြီးတွင် ဒိုဟာကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ ကြောင်း သိရှိရပါသည်။