State Counsellor receives Under Secretary of State for Political Affairs of United States of America

Daw Aung San Suu Kyi, State Counsellor of the Republic of the Union of Myanmar, received Mr. David Hale, Under Secretary of State for Political Affairs of the United States of America, at the Ministry of Foreign Affairs in Nay Pyi Taw at 10:00 am.

During the discussion, they exchanged views on matters pertaining to the enhancing of bilateral relations and cooperation and rendering of assistance to overcome the challenges faced by Myanmar in its democratic transition including the situation in Rakhine State.

Ref; The Global New Light of Myanmar

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအား လက်ခံတွေ့ဆုံ

(၃-၅-၂၀၁၉ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. David Hale အား ယနေ့ ၁၀၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ရခိုင်ပြည်နယ်အရေးကိစ္စ အပါအဝင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအား ကျော်လွှားနိုင်ရေးအတွက် ကူညီထောက်ပံ့ပေးရေး ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။