အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဂျပန်နိုင်ငံ၊ အအိချိခရိုင်၊ နာဂိုယာမြို့ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်အား လက်ခံတွေ့ဆုံခဲ့ခြင်း

(၂-၅-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ဂျပန်နိုင်ငံ၊ အအိချိခရိုင်၊ နာဂိုယာမြို့တွင် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားသည့် Mr. Toshio NISHIMURA ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ မေလ ၂ ရက်၊ နံနက် (၁၀၀၀)နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဂျပန်နိုင်ငံ၌ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲများ (Myanmar Investment Seminars) များ ကျင်းပ၍ ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ရေးကိစ္စ၊ မြန်မာ-ဂျပန် အားကစားကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် Japan Top Athletes Club နှင့် ပူးပေါင်းဆောင်ရွက်၍ ကူညီပံ့ပိုးပေးနိုင်မည့် အခြေအနေများ၊ ညီအစ်မမြို့တော် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ရရှိနိုင်သည့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လာနိုင်မည့် အလားအလာများ စသည့်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။