အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက သီရိလင်္ကာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ ဝမ်းနည်းကြောင်း မှတ်တမ်းတွင် လက်မှတ်ရေးထိုး

(၂၄-၄-၂၀၁၉ ရက်၊ နယူးဒေလီမြို့)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် သီရိလင်္ကာနိုင်ငံတွင် ဧပြီလ ၂၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် နယူးဒေလီမြို့၊ သီရိလင်္ကာသံရုံး၌ ဖွင့်လှစ်ထားသည့် ဝမ်းနည်းကြောင်း မှတ်တမ်းတွင် ၂၃-၄-၂၀၁၉ ရက်၊ မွန်းလွဲပိုင်းက သွားရောက် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။