အင်ဒိုရာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်ထားသည့် မြန်မာသံအမတ်ကြီး ဦးကျော်ဇေယျ သံအမတ် ခန့်အပ်လွှာ ပေးအပ်

(၂၄-၄-၂၀၁၉ ရက်)

အင်ဒိုရာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်ထားသည့် သံအမတ်ကြီး ဦးကျော်ဇေယျသည် အင်ဒိုရာနိုင်ငံ၏ ပူးတွဲအကြီးအကဲ (Co-Prince) ဖြစ်သူ ပြင်သစ်နိုင်ငံသမ္မတ အီမင်နျူရယ် မက်ခရွန်ထံသို့ ၎င်း၏ ခန့်အပ်လွှာကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၂ ရက်တွင် ပါရီမြို့ရှိ Palais de l’Élysée သမ္မတနန်းတော်၌ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။