မြန်မာသံရုံး၊ မော်စကိုမြို့တွင် အာဆီယံ-မော်စကိုကော်မတီ အစည်းအဝေး ကျင်းပ

(၂၁-၄-၂၀၁၉ ရက်၊ မော်စကိုမြို့)

အာဆီယံ-မော်စကိုကော်မတီ အလှည့်ကျဥက္ကဋ္ဌ ရုရှားနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E Mr. Thanatip Upatising ၏ မေတ္တာရပ်ခံချက်အရ အာဆီယံ-မော်စကိုကော်မတီ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၉ ရက်၊ ၁၁၀ဝ နာရီအချိန်တွင် မြန်မာသံရုံး၊ မော်စကိုမြို့၌ လက်ခံကျင်းပခဲ့ပါသည်။

အာဆီယံ သံအမတ်ကြီးများသည် အစည်းအဝေးအပြီးတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး H.E Mr. Sergey Lavrov က “Russia-ASEAN Strategic Partnership” အထိမ်းအမှတ်အဖြစ် ရုရှားနိုင်ငံခြားရေးဌာန၌ ဂုဏ်ပြုတည်ခင်းဧည့်ခံသော နေ့လယ်စာစားပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ နေ့လယ်စာစားပွဲ အခမ်းအနားသို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr Igor Morgulov ၊ အာရှပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Alexey Ovchinnikov ၊ အာရှရေးရာဦးစီးဌာန (၃) ညွှန်ကြားရေးမှူးချုပ် Mr. Nozdrev Nikolay နှင့် အာရှပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Andrey Lyanmin တို့လည်း ပါဝင် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ရုရှား-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။