အာဆီယံ-ဗီယင်နာ ကော်မတီ၏ (၄၈)ကြိမ်မြောက် အစည်းအဝေး ကျင်းပပြုလုပ်

(၂၉-၃-၂၀၁၉ ရက်၊ ဗီယင်နာမြို့)

သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံ သံရုံး/အဖွဲ့ရုံးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံ-ဗီယင်နာကော်မတီ၏ (၄၈) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ဗီယင်နာမြို့ရှိ မြန်မာသံအမတ်ကြီး နေအိမ်တွင် ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် သြစတြီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစံလွင်က အာဆီယံ-ဗီယင်နာ ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း ဖြစ်ပေါ်တိုးတက်မှု များ၊ အာဆီယံ-ဗီယင်နာ ကော်မတီအနေဖြင့် သြစတြီးယားနိုင်ငံတွင် ASEAN Awareness မြှင့်တင်ရန်အတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ သြဂုတ်လ ၈ ရက်တွင် ကျရောက်မည့် အာဆီယံတည်ထောင်ခြင်း အထိမ်းအမှတ်နေ့ အတွက် ဆောင်ရွက်သွားမည့် လှုပ်ရှားမှုများနှင့် ဗီယင်နာမြို့အခြေစိုက် ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် အာဆီယံ-ဗီယင်နာကော်မတီတို့ အတူတကွ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။

အစည်းအဝေးတွင် အာဆီယံ-ဗီယင်နာကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် အာဆီယံ-ဗီယင်နာ ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ် မတ်လအထိ တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။