Commemorative Event held to mark the 3rd Anniversary of the Mekong-Lancang Cooperation

A commemorative Event and Photo & Painting Exhibition to mark the 3rd Anniversary of the Mekong-Lancang Cooperation (MLC) was held at 5 pm at Myanmar International Convention Centre-II (MICC-II) in Nay Pyi Taw. Present on the occasion were Union Minister for International Cooperation U Kyaw Tin, Deputy Ministers, Permanent Secretaries from the Ministries concerned, invited Member of Parliaments and Ambassadors / Heads of Mission and diplomats from Mekong-Lancang Cooperation member countries; China, Cambodia, Laos, Thailand and Vietnam.

Then Union Minister for International Cooperation U Kyaw Tin and the Ambassadors of MLC member states cut the ceremonial ribbon to open the Photo & Painting Exhibition and made a tour of the Exhibition depicting the activities of the MLC.

At the commemorative event, Union Minister for International Cooperation U Kyaw Tin delivered a key note address in which he briefly explained about the Mekong-Lancang Cooperation which was perceived at the ASEAN- China Summit held in Nay Pyi Taw in 2014 and officially founded at the First Mekong-Lancang Leaders’ Meeting held on 23 March 2016 in Sanya, China. The commemorative event to mark the 3rd anniversary of MLC is organized this year to promote public awareness about Mekong-Lancang Cooperation. China has contributed to the special funds for MLC cooperation under the three pillars namely; Political and Security, Economic and Sustainable development, Social, Cultural and People-to-People Exchanges and provided funds for projects to be implemented by member states under the five priority areas; Connectivity, Production Capacity Cooperation, Cross-Border Economic Cooperation, Water Resources and Agriculture and Poverty Reduction.

The Union Minister also advised that the interested line ministries may propose development projects to utilize the special funds under the MLC.

Then Ambassador of the People’s Republic of China to Myanmar Mr. Hong Liang also delivered a speech giving a brief account of the activities of Mekong-Lancang Cooperation.

Then the Video Clip on the 3rd Anniversary of Mekong-Lancang Cooperation was presented and the invited guests were served dinner and entertained by cultural performance from MLC member states presented by the National University of Arts and Culture (Mandalay).

Ref; The Global New Light of Myanmar

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (၃)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပ

(၂၇-၃-၂၀၁၉ ရက်၊ နေပြည်တော်)

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ (၃) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် ဓါတ်ပုံနှင့် ပန်းချီပြပွဲကို ၂၆-၃-၂၀၁၉ ရက်၊ ၁၇၀ဝ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ မဲခေါင်-လန်ချန်း အဖွဲ့ဝင် နိုင်ငံများ ဖြစ်သော တရုတ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ သံရုံးများမှ သံအမတ်ကြီး/ သံရုံးအကြီးအကဲများနှင့် သံတမန်များ၊ ဖိတ်ကြားထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လှုပ်ရှားမှု ဓါတ်ပုံနှင့် ပန်းချီပြပွဲ အခမ်းအနားအား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံ(၆) နိုင်ငံမှ သံအမတ်ကြီး/ သံရုံးအကြီးအကဲများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများသည် ဓါတ်ပုံနှင့် ပန်းချီပြပွဲကို လှည့်လည်ကြည့်ရှုကြပါသည်။

ထို့နောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (၃)နှစ်ပြည့် အထိမ်းအမှတ်ဧည့်ခံပွဲအား ဆက်လက်ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ယင်းသို့ ပြောကြားရာတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ယန္တရားတစ်ရပ် ထူထောင်ရေး ကိစ္စကို ၂၀၁၄ ခုနှစ်တွင် နေပြည်တော်၌ ကျင်းပသည့် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးတွင် စတင်အဆိုပြုခဲ့ပြီး ၂၀၁၆ ခုနှစ်၊ မတ်လ ၂၃ ရက်တွင် တရုတ်နိုင်ငံ၊ ဆန်းယမြို့၌ ကျင်းပခဲ့သော ပထမအကြိမ် မဲခေါင်-လန်ချန်း နိုင်ငံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးမှ တရားဝင် စတင်တည်ထောင်ခဲ့ကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ပြည်သူတို့အကြား အသိပညာ ပြန့်ပွားစေရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ (၃)နှစ်ပြည့် အခမ်းအနားကို ကျင်းပရခြင်း ဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ မဏ္ဍိုင်(၃)ခုဖြစ်သည့် နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင်၊ စီးပွားရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးမဏ္ဍိုင်၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံရေးမဏ္ဍိုင်တို့ အောက်တွင် ပူးပေါင်းဆောင်ရွက်ရန် တရုတ် ပြည်သူ့သမ္မတနိုင်ငံက အထူးရန်ပုံငွေများ ထူထောင်ပေးထားပြီး၊ ဦးစားပေးနယ်ပယ် (၅)ခုဖြစ်သည့် ပေါင်းစည်း ဆက်နွယ်မှု၊ ထုတ်လုပ်မှုစွမ်းရည် တိုးမြှင့်ရေး၊ နယ်စပ်ဖြတ်ကျော် စီးပွားရေး၊ ရေအရင်းအမြစ်၊ စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များအောက်မှ စီမံကိန်းများအတွက် ကူညီ ပံ့ပိုးပေးလျက် ရှိပါကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် မဲခေါင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများအား အထောက်အကူပြုစေလျက် ရှိကြောင်းနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ယင်းအစီအစဉ်အောက်မှ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အဆိုပြုချက်များ တင်သွင်းနိုင်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုမ်လျန်ကလည်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါသည်။

ထို့နောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်ပတ်လည် အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းအား ပြသခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ညစာဖြင့် တည်ခင်းဧည့်ခံစဉ် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ မြန်မာ့ရိုးရာအကများနှင့် မဲခေါင်နိုင်ငံများမှ အကနှင့် တေးသီချင်းများဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြောင်း သိရှိရပါသည်။