မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ms. Toshiko Abe တို့ တွေ့ဆုံ

(၂၆-၃-၂၀၁၉ ရက်၊ တိုကျိုမြို့)

မြန်မာသံရုံး၊ တိုကျိုမြို့မှ သံအမတ်ကြီး ဦးသူရိန်သန့်ဇင်သည် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ms. Toshiko Abe နှင့် ၂၀-၃-၂၀၁၉ ရက်၊ နေ့လယ်ပိုင်းတွင် Capitol Tokyu Hotel ၊ Suiren Restaurant ၌ တွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေး၊ အနာဂတ် ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာ၌ ဂျပန်နိုင်ငံမှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးရေးကိစ္စများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါ သည်။