မစ္စတာ နိုရိအဆု အိုတိုမိုရိအား မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

(၂၆-၃-၂၀၁၉ ရက်၊ တိုကျိုမြို့)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် မစ္စတာ နိုရိအဆု အိုတိုမိုရိအား ဟရိုဂိုခရိုင်၊ ကိုဘေးမြို့တွင် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ခဲ့ရာ ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားကို မြန်မာသံအမတ်ကြီး ဦးစီး၍ မြန်မာသံရုံး၊ တိုကျိုမြို့၌ ၂ဝ၁၉ ခုနှစ် ၊ မတ်လ ၂၅ ရက်၊ နေ့လယ် ၁၁၀ဝ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် မစ္စတာ နိုရိအဆု အိုတိုမိုရိနှင့် ဇနီး၊ အအိချိခရိုင်ရှိ မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် မစ္စတာ တိုရှိအို နီရှိမူရနှင့် မြန်မာသံရုံး၊ တိုကျိုမြို့မှ သံရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ဂျပန်နိုင်ငံ၊ ဟရိုဂို ခရိုင်သို့ ခေတ္တသွားရောက်ကြသည့် (သို့မဟုတ်) ဟရိုဂိုခရိုင်တွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသား အားလုံးကို တရားနည်းလမ်းရှိသမျှ ကူညီစောင့်ရှောက်ကာကွယ်နိုင်ရန်အတွက် မစ္စတာ နိုရိအဆု အိုတိုမိုရိအား ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။