ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်စိုး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ချစ်ကြည်ရေး ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ တက်ရောက်

(၂၅-၃-၂၀၁၉ ရက်၊ ဖနောင်ပင်မြို့)

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်စိုးသည် ၂၃-၃-၂၀၁၉ ရက်တွင် ဖနောင်ပင်မြို့၊ Blue Sport Centre ၌ ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာနမှ ဦးဆောင်၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ချစ်ကြည်ရေး ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H. E. Mr. Luy David မှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။ အဆိုပါပွဲစဉ်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်သံရုံးများမှ သံရုံးဝန်ထမ်းများနှင့် မိသားစုများ ပါဝင်ယှဉ်ပြိုင်ကြပါသည်။

မဲခေါင်-လန်ချန်း အထိမ်းအမှတ်အခမ်းအနားအဖြစ် ၂၁-၃-၂၀၁၉ ရက်တွင်လည်း ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံအတွက် တာဝန်ယူဆောင်ရွက်နေသည့် အစိုးရအဖွဲ့ အထူးအကြံပေးပုဂ္ဂိုလ် Dr. Sok Siphana မှ ဖြစ်ပေါ်တိုးတက်မှုများနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းများကို သံတမန်များ၊ ဌာနဆိုင်ရာမှ အရာထမ်းများ၊ တက္ကသိုလ်အသီးသီးမှ နည်းပြများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဖိတ်ခေါ်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။