အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(၁၄-၃-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Hong Liang အား ၁၄-၃-၂၀၁၉ ရက်၊ ၁၀ဝ၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဧပြီလအတွင်း ကျင်းပမည့် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဒုတိယအကြိမ် ဆွေးနွေးပွဲကိစ္စ၊ ရခိုင်ပြည်နယ်အရေးကိစ္စတွင် တရုတ်နိုင်ငံက အပြုသဘော ပါဝင်ကူညီဆောင်ရွက်နေသည့်ကိစ္စ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ မျက်နှာစာတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စ စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။