မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနား ကျင်းပ

(၉-၃-၂၀၁၉ ရက်၊ ဘရပ်ဆဲလ်မြို့)

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်ခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို မြန်မာသံရုံ၊ ဘရပ်ဆဲလ်မြို့ မြန်မာ သံအမတ်ကြီး ဦးစိုးလင်းဟန် ဦးဆောင်၍ ၂၀၁၉ ခုနှစ်၊ မတ်လ ၅ ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ ‘The Hotel’ ဟိုတယ်၌ ၁၈၃၀ နာရီမှ ၂၀၃၀ နာရီအထိ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ဘယ်လ်ဂျီယံ နိုင်ငံခြားရေး၊ နိုင်ငံခြားကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ကိုယ်စား သံတမန်ဌာန အကြီးအကဲ Mrs. Françoise Gustin ၊ ဘယ်လ်ဂျီယံ နယ်သာလန် လူဇင်ဘတ် (Benelux) ဆိုင်ရာ အထွေထွေအတွင်းရေးမှူးချုပ် Mr. Thomas Antoine ၊ ဥရောပသမဂ္ဂ ပြည်ပဆက်ဆံရေးဌာန၊ အာရှနှင့်ပစိဖိတ်ဆိုင်ရာ ဦးဆောင်ညွှန်ကြားရေးမှူး Mr. Gunnar Wiegand နှင့် တာဝန်ရှိသူများ၊ အာဆီယံ သံရုံး/အဖွဲ့ရုံးများ အပါအဝင် ဘရပ်ဆဲလ်မြို့ အခြေစိုက် နိုင်ငံခြားသံရုံး/ အဖွဲ့ရုံးများမှ သံတမန်များ၊ နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်းများ၊ တက္ကသိုလ်များနှင့် Think-Tank အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အာရှပစိဖိတ် အမျိုးသမီးများအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘယ်လ်ဂျီယံနိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့ရှိ မြန်မာ အသိုက်အဝန်းနှင့် မြန်မာပညာတော်သင်များ၊ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံနှင့် ဘယ်လ်ဂျီယံနိုင်ငံ နိုင်ငံတော်သီချင်းများကို ဖွင့်လှစ်၍ အခမ်းအနား စတင်ခဲ့ပြီးနောက် မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ တက်ရောက်လာသော ဧည့်သည်တော်များအား ဒေသထုံးစံ ဥရောပအစားအစာများအပြင် မြန်မာ့ရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရပါသည်။