State Counsellor Daw Aung San Suu Kyi receives Thailand Minister of Foreign Affairs

State Counsellor and Union Minister for Foreign Affairs Daw Aung San Suu Kyi received Thailand Minister of Foreign Affairs Mr. Don Pramudwinai and party at Ministry of Foreign Affairs Union Minister guest hall yesterday afternoon.

At the meeting matters relating to increasing bilateral relations, investment and workers affairs, works processes to be conducted by Thailand while it is the ASEAN chair and support of ASEAN toward Myanmar government’s conduct on receiving returnees back to Rakhine State were cordially and openly discussed. Present at the meeting were Union Minister for International Cooperation U Kyaw Tin, high ranking officials from Ministry of Foreign Affairs, Thailand ambassador to Myanmar designate H.E. Mrs. Suphatra Srimaitreephitak and officials who were member of the party led by the Thai minister.

Later at noon Union Minister for International Cooperation U Kyaw Tin hosted a working lunch for the visiting Thailand Minister of Foreign Affairs at Shwesanein Hotel. Union Minister for State Counsellor’s Office U Kyaw Tint Swe also attended the working lunch.

Ref; The Global New Light of Myanmar

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

(၈-၃-၂၀၁၉ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွန်းဝီနိုင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၈-၃-၂၀၁၉ ရက်၊ ၁၅၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်သမားရေးရာ ကိစ္စရပ်များ၊ ထိုင်းနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ်အတွင်း ချမှတ်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များနှင့် ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသွားသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာအစိုးရမှ ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ် များနှင့် အာဆီယံမှ ကူညီပံ့ပိုးပေးနိုင်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် H.E. Mrs. Suphatra Srimaitreephitak နှင့် ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးအား ယင်းနေ့ နေ့လယ် ၁၂၃၀ နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်မှ ရွှေစံအိမ်ဟိုတယ်၌ အလုပ်သဘော နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ နေ့လယ်စာစားပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေလည်း တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။