အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ ဌာနေညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

(၇-၃-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme – WFP) ၏ ဌာနေညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ် ဖြစ်သူ Mr. Domenico SCALPELLI အား ၇-၃-၂၀၁၉ ရက်၊ ၁၅၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံစဉ် WFP ဌာနေကိုယ်စားလှယ်ရုံးအား နေပြည်တော်သို့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ပြောင်းရွှေ့ ဖွင့်လှစ်ထားရှိပြီး ဖြစ်၍ ကုလသမဂ္ဂ ဝန်ထမ်းများ၏ လုံခြုံရေးနှင့် နေထိုင်သွားလာမှု အဆင်ပြေရေးအတွက် ပံ့ပိုးရေးကိစ္စနှင့် မြန်မာနိုင်ငံနှင့် WFP တို့အကြား ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းအစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။