မြန်မာသံအမတ်ကြီးနှင့် အီရန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

(၇-၃-၂၀၁၉ ရက်၊ နယူးဒေလီမြို့)

နယူးဒေလီမြို့အခြေစိုက် အီရန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး ဦးမိုးကျော်အောင်သည် ၎င်း၏ သံအမတ်ခန့်အပ်လွှာ ပေးအပ်ရန်အတွက် အီရန်နိုင်ငံ၊ တီဟီရန်မြို့သို့ ရောက်ရှိစဉ် ၆-၃-၂၀၁၉ ရက်၊ ဒေသစံတော်ချိန် ၁၁၀ဝ နာရီတွင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး H.E. Mahmoud Farazandeh အား အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများနှင့် ခရီးသွားကဏ္ဍ တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။