မြန်မာသံအမတ်ကြီးက အီရန်နိုင်ငံခြားရေးဝန်ကြီးအား သွားရောက် ဂါရဝပြုတွေ့ဆုံ

(၇-၃-၂၀၁၉ ရက်၊ နယူးဒေလီမြို့)

နယူးဒေလီမြို့အခြေစိုက် အီရန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး ဦးမိုးကျော်အောင်သည် ၆-၃-၂၀၁၉ ရက်၊ ဒေသစံတော်ချိန် ၁၄၀ဝ နာရီတွင် တီဟီရန်မြို့ရှိ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧည့်ခန်းမဆောင်၌ အီရန်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Mohammad Javad Zarif ကို ဂါရဝပြု တွေ့ဆုံခဲ့ပြီး ၎င်း၏ သံအမတ်ခန့်အပ်လွှာမိတ္တူကို ပေးအပ်ခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အလားအလာများ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍ၊ ယဉ်ကျေးမှုနှင့် ပြည်သူချင်း ထိတွေ့ဆက်ဆံမှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေမှန်များနှင့် ရခိုင်ပြည်နယ်အရေးကိစ္စတွင် အပြုသဘောဆောင်သော အထောက်အပံ့များပေးအပ်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။