အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်နှင့် အကြံပေးပုဂ္ဂိုလ်အား လက်ခံတွေ့ဆုံ

(၆-၃-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်နှင့် အကြံပေးပုဂ္ဂိုလ် Dr. Johann Hesse ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ မတ်လ ၆ ရက်၊ ၁၆၁၅ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုကဲ့သို့ တွေ့ဆုံရာတွင် မြန်မာ-ထိုင်း နယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား နေရပ်ပြန်လည်ပို့ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံ အစိုးရများအကြား ပူးပေါင်းဆောင်ရွက်နေမှုနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကူညီထောက်ပံ့ပေးနိုင်ရေး အခြေအနေများအပေါ် မြန်မာအစိုးရအနေဖြင့် ကဏ္ဍအလိုက် လက်ခံဆောင်ရွက်ပေးနေသည့် အခြေအနေများအား ဆွေးနွေး အမြင်ခြင်းဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။