State Counsellor receives Chinese Special Envoy for Asian Affairs

Daw Aung San Suu Kyi, State Counsellor and Union Minister for Foreign Affairs of the Republic of the Union of Myanmar received Mr. Sun Guoxiang, Special Envoy for Asian Affairs of the Ministry of Foreign Affairs of the People’s Republic of China on 27th February 2019 at 10 a.m. at the Ministry of Foreign Affairs in Nay Pyi Taw.

During the meeting, they cordially exchanged views on matters related to recent developments in Rakhine State and on Myanmar’s peace and national reconciliation process and China’s continued constructive support in Myanmar’s endeavours.

During the visit, Mr. Sun Guoxiang paid a visit to Hla Phoe Khaung Transit Centre, Shwe Zar and Min Gan villages in Rakhine State to observe the Myanmar Government’s preparations for the repatriation process.

Ref; The Global New Light of Myanmar

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

(၂၇-၂-၂၀၁၉ ရက်၊ နေပြည်တော်)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းအား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်၊ ၁၀၀၀ နာရီချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ် အရေးကိစ္စ တို့နှင့်ပတ်သက်၍ တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက် ကူညီဆောင်ရွက်ပေးမည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြ ပါသည်။

မစ္စတာ စွန်းဂေါ်ရှန်းသည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ၂၆-၂-၂၀၁၉ ရက်တွင် ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်အတွက် မြန်မာနိုင်ငံအစိုးရမှ ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို လေ့လာကြည့်ရှုရန် လှဖိုးခေါင် ကြားစခန်း၊ ရွေဇားကျေးရွာနှင့် မင်းကန်ကျေးရွာတို့သို့ သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။