အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့် ပစိဖိတ်ဒေသ အကြီးအကဲအား လက်ခံတွေ့ဆုံ

(၂၁-၂-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှနှင့် ပစိဖိတ်ဒေသ အကြီးအကဲ Mr. Gilad Cohen နှင့် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီး H.E. Mr. Ronen Gilor တို့အား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်၊ ၁၅၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး နည်းပညာကဏ္ဍနှင့် လယ်ယာစိုက်ပျိုးရေး အရည်အသွေး မြှင့်တင်ရေးကဏ္ဍတို့တွင် အစ္စရေးနိုင်ငံက ကူညီပေးနေသည့် ကိစ္စရပ်များ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ စသည်တို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။