အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးအား လက်ခံတွေ့ဆုံ

(၁၅-၂-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Knut Ostby အား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်၊ ၁၀ဝ၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံအစိုးရနှင့် UNDP၊ UNHCR တို့အကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာအား အကောင်အထည်ဖော် ဆောင်ရွက်နေသည့်ကိစ္စ၊ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်နေသည့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးကိစ္စ၊ ဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။