အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက International Visitor Leadership Programme (IVLP) အစီအစဉ်ဖြင့် ရောက်ရှိနေသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အား ညစာဖြင့် တည်ခင်းဧည့်ခံ

(၁၁-၂-၂၀၁၉ ရက်၊ နေပြည်တော်)

အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းနှင့် ဇနီးတို့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြီးမှူး ကျင်းပသည့် International Visitor Leadership Programme (IVLP) အစီအစဉ်ဖြင့် ဝါရှင်တန်မြို့သို့ ရောက်ရှိနေသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်အား ၄-၂-၂၀၁၉ ရက်တွင် မြန်မာသံရုံး၌ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ဝါရှင်တန်မြို့ရှိ မြန်မာအသိုက်အဝန်း၊ မြန်မာသံရုံးဝန်ထမ်းများ၊ မိသားစုများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ International Visitor Leadership Programme (IVLP) အစီအစဉ်သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ professional exchange programme ဖြစ်ပြီး ပါဝင်တက်ရောက်မည့်သူများကို နှစ်စဉ် သက်ဆိုင်ရာ နိုင်ငံများတွင်ရှိသော အမေရိကန်သံရုံးမှ ရွေးချယ်လေ့ရှိကြောင်း သိရှိရပါသည်။