Union Minister U Kyaw Tin receives Special Representative of the Secretary-General

Union Minister for International Cooperation U Kyaw Tin received Ms. Pramila Patten, Special Representative of the Secretary-General on Sexual Violence in Conflict, at the Ministry of Foreign Affairs, Nay Pyi Taw at 2:00 pm on 7 February 2019.

During the meeting, they exchanged views on the matters pertaining to the implementation of the Joint Communique which was signed between the Government of the Republic of the Union of Myanmar and the United Nations to prevent conflict-related sexual violence and the provision of technical assistance and advice by the United Nations in drawing up a national action plan to address the issue.

Also present at the meeting were officials from the Ministry of Foreign Affairs and Mr. Knut Ostby, UN Resident and Humanitarian Coordinator a.i.

Ref; The Global New Light of Myanmar

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

(၇-၂-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Pramila Patten အား ၇-၂-၂ဝ၁၉ ရက်၊ ၁၄ဝဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ အစိုးရနှင့် ကုလသမဂ္ဂတို့အကြား လက်မှတ်ရေးထိုးထားသော ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက် (Joint Communique) အား အကောင်အထည်ဖော်ရေးနှင့် ယင်းကိစ္စနှင့် ပတ်သက်၍ အမျိုးသားအဆင့် လုပ်ငန်းအစီအစဉ်တစ်ရပ် ရေးဆွဲ အကောင်အထည်ဖော်ရာတွင် ကုလသမဂ္ဂမှ နည်းပညာ အကူအညီနှင့် အကြံဉာဏ်များ ပေးအပ်နိုင်ရေး ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြပါသည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ကုလသမဂ္ဂ ယာယီဌာနေ ကိုယ်စားလှယ်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Knut Ostby တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။