အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး အား လက်ခံတွေ့ဆုံ

(၅-၂-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Mr. Saurabh Kumar အား ၅-၂-၂၀၁၉ ရက်၊ ၁၄၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ကုန်းလမ်းဆိုင်ရာ ချိတ်ဆက်ဆက်သွယ်ရေးကဏ္ဍ ပိုမို မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မဟတ္တမဂန္ဒီ နှစ် (၁၅၀) ပြည့် အထိမ်းအမှတ် အခမ်းအနားအဖြစ် မဟတ္တမဂန္ဒီ သွားရောက်ခဲ့ဖူးသည့်နေရာများအား မော်တော်ယာဉ် ခရီးရှည် မောင်းနှင်ရာတွင် မြန်မာနိုင်ငံတွင်း ဖြတ်သန်းမောင်းနှင်ခွင့် ရရှိရေးကိစ္စ၊ နှစ်နိုင်ငံအကြား နယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များ စသည်တို့အပေါ် ဆွေးနွေးခဲ့ကြပါသည်။