အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက 2nd ASEAN-India Youth Summit သို့ တက်ရောက်

(၄-၂-၂၀၁၉ ရက်၊ နယူးဒေလီမြို့)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်တွင် အာသံပြည်နယ်၊ ဂူဝါဟတီမြို့၌ ကျင်းပသည့် 2nd ASEAN-India Youth Summit သို့ တက်ရောက်ခဲ့ပြီး Historical and Cultural Linkages ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပါသည်။ အဆိုပါ 2nd ASEAN-India Youth Summit သို့ မြန်မာနိုင်ငံမှ လူငယ်ကိုယ်စားလှယ် (၁၀) ဦးလည်း ပါဝင် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။