အာဆီယံ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်ရာထူး (Deputy Secretary- General of ASEAN for Community & Corporate Affairs) အတွက် လျှောက်လွှာခေါ်ယူခြင်း

(၄-၂-၂၀၁၉ ရက်၊ နေပြည်တော်)

အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ မကြာမီ လစ်လပ်သွားမည့် အာဆီယံ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်ရာထူး (Deputy Secretary- General of ASEAN for Community & Corporate Affairs) အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ စိတ်ပါဝင်စားသူများ ပါဝင်လျှောက်ထား နိုင်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ လျှောက်လွှာများ စတင်ခေါ်ယူပြီ ဖြစ်ပါသည်။ လျှောက်ထားသူများအနေဖြင့် အောက်ဖော်ပြပါ အရည်အချင်းများဖြင့် ပြည့်စုံသူ ဖြစ်ရမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်-

– Business Management, International Relations, Public Policy, Public Administration, Law ဘာသာရပ်တို့ဖြင့် အောင်မြင်ထားသူ ဖြစ်ပြီး Advanced Level ရှိသူ ဖြစ်ရမည်။

– အစိုးရအဖွဲ့အစည်း၊ နိုင်ငံတကာအဖွဲ့အစည်းတို့၌ အလုပ်အကိုင် အတွေ့အကြုံ အနည်းဆုံး (၁၅) နှစ် ရှိသူ ဖြစ်ရမည်။

– အင်္ဂလိပ်စာ အရေး၊ အဖတ်၊ အပြော ကျွမ်းကျင်သူ ဖြစ်ရမည်။

လျှောက်ထားသူများသည် လျှောက်လွှာကို ကိုယ်ရေးလျှောက်လွှာ (CV)၊ ပညာအရည်အချင်း ထောက်ခံလွှာ (မိတ္တူမှန်) နှင့် ပြည့်စုံစွာ ဖြည့်စွက်ထားသော ASEC Employment Form တို့ ပူးတွဲ၍ asean.hr@asean.org သို့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်းနှင့် ASEC Employment Form ကို www.asean.org/opportunities/asec-employment-form ဝက်ဘ်ဆိုက်တွင် ရယူနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။