အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက 7th Global Linkages for India Session in Logix India 2019 သို့ တက်ရောက်ခဲ့

(၂-၂-၂၀၁၉ ရက်၊ နယူးဒေလီမြို့)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် နယူးဒေလီမြို့၌ FIEO အဖွဲ့အစည်းမှ ကြီးမှူးကျင်းပခဲ့သော 7th Global Linkages for India Session in Logix India 2019 သို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ဆောင်ရွက်နိုင်မည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ၊ လုပ်ငန်းစဉ်များ၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အဦဆိုင်ရာ ရင်းနှီးမြှုပ်နှံနိုင်မှု အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြ ကြောင်း သိရှိရပါသည်။