ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ ပူးတွဲကော်မရှင် အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်အား ကြိုဆိုနှုတ်ဆက်

(၂-၂-၂၀၁၉ ရက်၊ ဖနောင်ပင်မြို့)

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်စိုးသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်အထိ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ ပူးတွဲကော်မရှင် အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး PG-927 ဖြင့် ဗန်ကောက်မြို့မှတစ်ဆင့် ဖနောင်ပင်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဝန်ကြီး H. E. Mr. PRAK Sokhonn နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား ဖနောင်ပင် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။